Saturday, August 8, 2015

အပင်ကို (Scan) ဖတ်ပါ



အပင်ကို (Scan) ဖတ်ပါ
သစ်ခွကို စတင်စိုက်ပျိုးသူတွေအနေနဲ့ ကျွမ်းကျင်တဲ့သူတွေဖြစ်လာဖို့ နေ့တိုင်း တစ်ပင်လုံးကို နှံ့အောင်ကြည့်ရှုသင့်ပါတယ်။အဲလိုကြည့်ပေးခြင်းအားဖြင့် အပင်တွေမှာဖြစ်လာတဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေကို သိလာမှာဖြစ်ပါတယ်။ အစပိုင်းမှာ မသိသာပေမယ့် နောက်ပိုင်းကျရင် ကိုယ့်အပင်မှာ အမည်းစက်လေးတစ်စက် ကပ်လာတယ်။ ဗယ်လမင်းတစ်ရှူးတိုလာတယ်။ အရွက်ဝါလာတယ် စသဖြင့် ပြောင်းလဲလာမှုတွေကို သတိပြုမိလာပါတယ်။  ပြီးတော့ အရွက်တွေရဲ့ အထူအပါးကိုလည်း နေ့တိုင်းကိုင်ကြည့်သင့်ပါတယ်။ အဲလိုကိုင်ကြည့်တာ ကြာလာတာနဲ့အမျှ အရွက်တွေရဲ့ အထူ အပါးကို သတိပြုမိလာတယ်။ အရွက်တွေက အာဟာရလုံလောက်အောင် စားရရင် ထူ တင်းနေပြီး နိုတ်ထရိုနည်းရင် ပါးပြီး နောက်တစ်ဆင့် အောက်အရွက်တွေကြွေလာတယ်။ ဒီတော့ အရွက်ကြွေတဲ့အဆင့် မရောက်ခင် နိုတ်ထရိုပါတဲ့ မြေသြဇာကျွေးပေးနိုင်ပြီး အပင်တွေရဲ့ထိခိုက်မှုကို ကာကွယ်နိုင်တယ်။ အမည်းစက်လေးကို မြင်ပြီးမှိုရောဂါလို့သိနိုင်တဲ့အတွက် ဆေးဖျန်းပေးခြင်းဖြင့် တစ်ပင်လုံးမှိုရောဂါဖြစ်နိုင်မှုကို ကာကွယ်နိုင်တယ်။ ကျနော်ကတော့ Scan ဖတ်တဲ့အလုပ်ဟာ သစ်ခွပင်တွေကိုအောင်မြင်စွာစိုက်ပျိုးနိုင်ဖို့အတွက် အရေးကြီးဆုံးအလုပ်လို့ ယုံကြည်ပါတယ်။

No comments:

Post a Comment