မှိုသတ်ဆေးများ
သစ်ခွစိုက်ပျိုးတဲ့အခါ
မှိုသတ်ဆေးတွေကို မလွဲမသွေသုံးရမှာဖြစ်လို့ စိုက်ပျိုးရေးဆိုင်တွေမှာ ရှိနိုင်မယ့် ကောင်းမယ်ထင်တဲ့
မှိုသတ်ဆေးတွေကို တင်ပေးလိုက်ပါတယ်။
မန်ကိုဇက်(Mancozeb)
သတ္ထုဒြပ်စင်နှစ်မျိုးဖြစ်သော
မင်းဂနီးစ် နှင့် ဇင့်(သွပ်) ပါဝင်ပြီး ကာကွယ်မှိုသတ်ဆေးသာဖြစ်သည်။ ရွက်ပြောက်ရောဂါ၊
ကိုင်းခြောက်ရောဂါ၊ လောင်မီးရောဂါ၊ သံချေးမှိုရောဂါနှင့် အချို့သော မှိုရောဂါများကို ကာကွယ်နိုင်သည်။ တစ်ဧကလျှင်
ဝ.၈ ပေါင်မှ ၈-ပေါင်အထိအသုံးပြုနိုင်သည်။ အပင်၏မျက်နှာပြင်အားလုံးကို ထိစေရန် ဆေးဖျော်ရည်ကို
လုံလောက်စွာ အသုံးပြုရန်လိုသည်။ (၇)ရက်မှ (၁၀)ရက်တစ်ကြိမ် ဖျန်းရန်လိုအပ်သည်။ မိုးတွင်းကာလတွင်
ထိရောက်မှု နည်းပြီး ပြန့်ဆေး ကပ်ဆေးများဖြင့် ရောစပ်အသုံးပြုသင့်သည်။
အော်သိုဆိုက်(Orthocide)
အမည်ရင်းမှာ ကက်ပတန်(captan)ဖြစ်ပြီး
အော်သိုဆိုက် လို့ပြောဝယ်ရင် captan လို့ရေးထားတဲ့ မှိုသတ်ဆေးထုပ်ကို ရောင်းပေးလိမ့်မယ်။
အော်သိုဆိုက်ကို အပင်ရောဂါများ ကာကွယ်ရန်နှင့် အမြစ်ဖြတ်ရန် အသုံးပြုကြသည်။ ယနေ့ထိ
အော်သိုဆိုက်မှိုသတ်ဆေးပြီးသော မှို တစ်မျိုးမှ မပေါ်သေး။ ကိုင်းခြောက်ရောဂါ၊ ခေါင်ပုပ်ရောဂါ၊
ရွက်ပြောက်ရောဂါ၊ လောင်မီးရောဂါများကို ကာကွယ်ကုသရာတွင် အသုံးပြုနိုင်သည်။
ပိုးသတ်ဆေး
(Folidol)ကဲ့သို့(Parathion.E.C)များနှင့် အငံဓါတ်ရှိသော အခြားစိုက်ပျိုးရေးသုံးဓါတုဆေးများဖြင့်
ရောစပ်အသုံးမပြုရ။
တော့ပ်ဆင်(Topsin-M)
ကိုင်းခြောက်ရောဂါ၊
မှိုညိုရောဂါ၊ လောင်မီးရောဂါ၊ မှိုသီးရောဂါ၊ အပင်ငယ်များညှိုးသေရောဂါ များကို ကာကွယ်ကုသနိုင်သည်။
အရွက်ဖျန်းဆေးအဖြစ် တစ်ပါတ်မှ လေးပါတ်ခြားတစ်ကြိမ် ဖျန်းရန်လိုသည်။ ကော့ပါး(ကြေးနီ)ပါသောဓါတ်ပေါင်းများမှလွဲ၍ အခြားသော
စိုက်ပျိုးရေးသုံးဓါတုပစ္စည်းများဖြင့် ရောစပ်ပြီး ကာကွယ်ရန်၊ ကုသရန် အသုံးပြုနိုင်သည်။ရေဂါလံ
(၁၀၀)တွင် ဆေး (၆)အောင်စမှ(၁၆)အောင်စနှုန်းထိ ဖျော်စပ် သုံးစွဲနိုင်သည်။ မြေသန်များ
မြေအတွင်းခိုအောင်းနေသော မှိုများကို သတ်နိုင်သည်။
ပြည်တွင်းဖြစ်
ကာဆူမင်လိုမျိုးမှိုသတ်ဆေးတွေကိုလည်း သုံးနိုင်ပါတယ်။ သတိပြုရမယ့်တစ်ခုက ရောဂါဖြစ်လာပြီဆိုရင်
ဆေးဖျန်းရုံနဲ့ ပြီးသွားမယ်လို့ ပြောမရပါဘူး။ အလင်းရောင်၊ လေ၀င်လေထွက်၊ အာဟာရ စတာတွေလိုအပ်ချက်ကြောင့်
အားနည်းတဲ့အပင်မျိုးဆိုရင် ဆေးဖျန်းလို့ လက်ရှိဖြစ်နေတဲ့ မှိုရောဂါကောင်းသွားပေမယ့်
သိပ်မကြာခင် ထပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်အနေအထားတွေကိုပါ လိုအပ်တယ်ထင်ရင်
ပြုပြင်ပေးသင့်ပါတယ်။
No comments:
Post a Comment