Dendrobium သစ်ခွ
စိုက်ပျိုးခြင်း
အပူချိန် နှင့်
စိုထိုင်းဆ။ ။ဒင်ဒရိုသစ်ခွမျိုးများအတွက်
အသင့်တော်ဆုံးဖြစ်သော အပူချိန်မှာ အနိမ့်ဆုံး(50ံF)နှင့် အမြင့်ဆုံး(90ံF)ဖြစ်သော်လည်း
ဤအပူချိန်များထက် အနည်းငယ်နိမ့်ခြင်း မြင့်ခြင်းများတွင်လည်း အပင်၏ ကြီးထွားဖွံ့ဖြိုးမှုကို
မထိခိုက်ပါ။ အသင့်တော်ဆုံး စိုထိုင်းဆမှာ ၅၀% မှ ၆၀%ဖြစ်ပါသည်။ ပူပြင်းခြောက်သွေ့သော
ရာသီတွင် စိုထိုင်းဆနည်းပါက ရေဖျန်းပေး၍ စိုထိုင်းဆများလာစေရန် ပြုလုပ်ပေးပါ။ စွတ်စိုသည့်ရာသီနှင့်
အေးမြသည့်ရာသီတွင် အရွက်များနှင့် အပင်ထိပ်ရှိ
အရွက်များကြားတွင် ရေတင်ကျန်မနေစေရန် ဂရုစိုက်ပါ။ ရေများတင်ကျန်နေပါက ထိပ်ပုပ်ရောဂါနှင့်
မှိုရောဂါများ ကျရောက်တတ်ပါသည်။
အလင်းရောင်။ ။ပင်းပွင့်စေရန်အတွက် တိုက်ရိုက်နေရောင်ဖျော့ဖျော့ရရှိရန်
လိုအပ်ပါသည်။ ပူပြင်းသည့် နေ့ခင်းဘက်များတွင်
၃၀% မှ ၇၀% ခန့် အရိပ်ရနေစေရန် ပြုလုပ်ပေးပါ။
နေရောင်ကောင်းစွာရမှ ပန်းပွင့်နိုင်သော်လည်း အရွက်များ နေလောင်သည်ထိ ပြင်းထန်သည့် နေရောင်ရရှိစေမှုကို
ရှောင်ပါ။
ရေလောင်းခြင်း။ ။ရေတစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် စိုက်ပျိုးရန်သုံးသည့်
ပွါးစာ(အုန်းခွံ၊ မီးသွေး စသည်)မှာ ခြောက်သွေ့နေစေသင့်ပါသည်။ ရသီဥတုသင့်တင့်ကောင်းမွန်နေပါက တစ်ပါတ်လျှင် ရေနှစ်ကြိမ်မျှလောင်းပေးခြင်းဖြင့်
လုံလောက်နိုင်သော်လည်း ပူပြင်းသည့် ရာသီတွင် နေ့စဉ်လောင်းပေးသင့်ပါသည်။အေးမြသည့်ရာသီတွင်
ကြိမ်ရေ လျှော့လောင်းပါ။ရေလောင်းသည့်ခါ အပင်၊ အမြစ်၊ ပွါးစာအားလုံးစိုရွှဲနေအောင်လောင်းပါ။
မြေသြဇာကျွေးခြင်း။ ။၁၄-ပတ်လည် (သို့မဟုတ်)၁၅-ပတ်လည်(သို့မဟုတ်)၂၁-ပတ်လည်
မြေသြဇာကိုကျွေးပါ။ ၁၄၊၁၅ ပတ်လည်ကဲ့သို့ မြေသြဇာအလုံးများကို တိုက်ရိုက်ကျွေးသည့်အခါ
အပင် အမြစ်တို့ကို မထိစေပဲ ပွါးစာတွင်ချကျွေးပါ။ ၂၁-ပတ်လည်ကဲ့သို့အမှုန့်ကိုရေဖျော်ဖျန်းသည့်အခါ
အပင် အမြစ် ပွါးစာပါ အားလုံးနှံ့အောင်ဖျန်းပေးပါ။ အရွက်အောက်မျက်နှာပြင်ကို အဓိကဖျန်းပေးပါ။
ရွက်ဖျန်းမြေသြဇာကို ရေလောင်းသည့်အခါတိုင်းပျော့ပျော့ ဖျန်းပေးနိုင်ပါသည်။ သို့မဟုတ်
တစ်ပါတ်တစ်ကြိမ်ဖျန်းပေးပါ။၃၀၊၁၀၊၁၀၊ / ၂၅၊ ၅၊ ၅
ကဲ့သို့ နိုတ်ထရိုများသည့် မြေသြဇာများကို ကျွေးလျှင် အရွက်များသာ သန်မာစွာထွက်နေပြီး
အမြစ်ကောင်းစွာမထွက်ပဲ ပန်များလည်းမပွင့်နိုင်ဖြစ်တတ်ပါသည်။ ထို့ပြင် ရေညှိနှင့် ရေမှော်များပေါက်လာပြီး
အပင်နုနေသည့်အတွက် ရောဂါကျလွယ်ပါသည်။
အိုးပြောင်းစိုက်ပျိုးခြင်း။ ။ဤသစ်ခွအိုးများကို အိုးငယ်များဖြင့်သာစိုက်ပျိုးပါ။အမြစ်ပတ်ဝန်းကျင်တွင်
လေ၀င်လေထွက်ကောင်းမွန်နေစေရန် အပေါက်အများပါသည့် အိုးဖြင့်စိုက်သင့်ပါသည်။ အပင်အုံ
အရွယ်ထက် ကြီးမားလွန်းသည့် အိုးဖြင့်စိုက်ပါက
ပန်းများ ကောင်းစွာမပွင့်နိုင်ပါ။ အိုးတွင်စိုက်ပျိုးသည့်အခါ အပင်ခြေတွင်ရှိသော မျက်စိ(အဖူး)ကို
ပွါးစာများမဖုံးမိအောင် ဂရုစိုက်ပါ။ မျက်စိမြုပ်နေပါက ပုပ်သွားတတ်ပါသည်။ အပင်ကို အိုးတစ်အိုးတွင်
နှစ်ရှည် စိုက်ပျိုးထားပါက ပွါးစာဆွေးပြီးအပင်ထိပ်ဖျားမှသားတက်ငယ်များထွက်လာပြီး အပင်မကြီးသေသွားတတ်ပါသည်။
၁၈ - ၀န်းကျင်လျှင်တစ်ကြိမ်ခန့်
ပွါးစာလဲပေးသင့်ပါသည်။
ကျေးဇူးတင်ပါသည်။
ReplyDeleteကျေးဇူးတင်ပါသည်။
ReplyDelete