(Positipnal) အနေအထား
ပန်းအိုးနဲ့ ပန်းစိုက်တဲ့လူတွေ
လုပ်မိတတ်တဲ့ အမှားတစ်ခုက အပင်တွေကို ခဏခဏလှည့်မိတတ်ကြတာပါပဲ။ အပင်တွေမှာ အလင်းရောင်(နေရောင်)ရတဲ့ဘက်၊
မရတဲ့ဘက်ဆိုပြီး နှစ်ခြမ်းရှိတယ်။အပင်တွေက အလင်းရောင်ရတဲ့ဘက်ကို ကွေးလာတဲ့အခါ ပြန်မတ်စေချင်လို့
ဟိုဘက်ကိုပြန်လှည့်တယ်။ ပြီးတော့ အဖူး၊ အပွင့်တွေထွက်လာတဲ့အခါ အလင်းရောင်ရတဲ့ဘက်ကို
ဦးတည်ပြီးထွက်လာတယ်။ စိုက်ပျိုးသူတွေက ကိုယ့်ပန်းတွေကို လူအများမြင်စေချင်လို့(ဒါမှမဟုတ်)
ကိုယ်အမြဲလို ထိုင်တတ်တဲ့နေရာက မြင်ချင်လို့ အပင်ကို လှည့်ပြီးပြန်ချိတ်တယ်။ အိုးကို
ပြန်လှည့်တတ်ကြပါတယ်။ အပင်တွေက အဲလိုလှည့်ပေးရင် ဇီဝကမ္မဆိုင်ရာ ရှုပ်ထွေးတဲ့ အလုပ်တွေကို
ပြန်ပြင်ရတဲ့အတွက် ပင်ပန်းတယ်။ ကစ်စ်မီလိုအပင်မျိုးကို ခဏခဏလှည့်ပေးနေရင် တစ်ချို့အပင်တွေ
သေသွားတတ်တယ်။ ဒါကြောင့် သစ်ခွတွေကို ချိတ်တဲ့အခါမှာ မလှည့်ပါနဲ့။ သူများဆီက ယူလာရင်လည်း
အလင်းရောင်ရတဲ့ဘက်ခြမ်းကို မှတ်ထားပြီး ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ ပြန်ချိတ်တဲ့အခါ အလင်းရောင်ရတဲ့ဘက်ခြမ်းကို
အလင်းဘက်မှာ ထားပြီးပဲ ပြန်စိုက်ပါ။
No comments:
Post a Comment