မြေသြဇာများ
သစ်ပင်တိုင်းရဲ့
ဆဲလ်တွေထဲမှာ ၁။နိုတ်ထရိုဂျင်(N) ၂။ဖော့စပရပ်
(P) ၃။ပိုတက်ဆီယမ် (K) ၄။ကယ်လ်ဆီယမ်(Ca) ၅။မဂ္ဂနီဆီယမ်(Mg) ၆။သံဓါတ်(Fe)
၇။ကန့်ဓါတ်(S) ၈။မင်းဂနီးစ်(Mn) ၉။သွပ်(Zn)
၁၀။ဗိုရွန်(B) ၁၁။ကြေးနီ(Cu) ၁၂။ကလိုရင်း(Cl) ၁၃။မိုလစ်ဒီနမ်(Mo) ၁၄။ကာဗွန်(C)
၁၅။အောက်ဆီဂျင်(O) ၁၆။ဟိုက်ဒရိုဂျင်(H)
ဆိုပြီး ဒြပ်စင် (၁၆)မျိုးပါရှိပါတယ်။
ဒီဆယ့်ခြောက်မျိုးထဲမှာ
သစ်ပင်တွေက ၁၄။ကာဗွန်(C) ၁၅။အောက်ဆီဂျင်(O) ၁၆။ဟိုက်ဒရိုဂျင်(H) သုံးမျိုကို လေထုနဲ့ ရေထဲက
အလွယ်တကူရနိုင်ပါတယ်။ ဒီတော့ သစ်ခွစိုက်တဲ့လူတွေက အပင်လှဖို့အတွက် ကျန်တဲ့ တစ်ကနေ ဆယ့်သုံးထိ
ဒြပ်စင် ဆယ့်သုံးမျိုးကို လုံလောက်စွာရရှိရန် ဖြည့်ကျွေးပေးဖို့လိုလာတယ်။ ဒီဆယ့်သုံးမျိုးထဲ့မှာ
၁။နိုတ်ထရိုဂျင်(N) ၂။ဖော့စပရပ် (P) ၃။ပိုတက်ဆီယမ်
(K) သုံးမျိုးက အပင်တွေရဲ့ဆဲလ်ထဲမှာ အများဆုံးရှိနေတဲ့အတွက်
ဒီသုံးမျိုးကို အများဆုံးစားသုံးတယ်လို့မှတ်ထားပါ။ အများလို အာဟာရလို့လည်းခေါ်ပါတယ်။
ကျန်တဲ့- ၄။ကယ်လ်ဆီယမ်(Ca) ၅။မဂ္ဂနီဆီယမ်(Mg) ၆။သံဓါတ်(Fe)
၇။ကန့်ဓါတ်(S) ၈။မင်းဂနီးစ်(Mn) ၉။သွပ်(Zn)
၁၀။ဗိုရွန်(B) ၁၁။ကြေးနီ(Cu) ၁၂။ကလိုရင်း(Cl) ၁၃။မိုလစ်ဒီနမ်(Mo)တွေကတော့ ဆဲလ်တွေမှာ ရာခိုင်နှုန်းနည်းနည်းပဲရှိတဲ့အတွက်
နည်းနည်းပဲစားတယ်။ အနည်းလိုအာဟာရပေါ့။မြေကြီးမှာပေါက်တဲ့အပင်တွေက မြေကြီးထဲက အာဟာရတွေ အားလုံးရနိုင်ပေမယ့် အိုးထဲထည့်ပြီးတွဲထားတဲ့သစ်ခွတွေက လူကမကျွေးရင်
မရနိုင်တော့ဘူး။
အများလိုအာဟာရသုံးမျိုးထဲမှာ
နိုတ်ထရိုနည်းရင် အပေါ်ပိုင်းဆက်ပြီးကြီးနေပေမယ့် အောက်အရွက်က ၀ါပြီးကြွေလာမယ်။မိုကာရာ၊
ဗန်ဒါ၊ T.M.A ၊ သစ်ခွလိပ်ပြာစတဲ့ သစ်ခွတွေမှာအောက်ရွက်တွေများများကြွေပြီး အပင်မှာ
အရွက်နည်းနေရင် အမြစ်တွေထွက်တာရပ်သွားတယ်။ အောက်အမြစ်စုဖွဲ့မှုနဲ့ အပေါ်ပိုင်းအရွက်ရှိမှုဟာ
အချိုးကျပါတယ်။ အရွက်နည်းရင် အမြစ်လည်းနည်းတယ်။ အရွက်များမှ အမြစ်စုဖွဲ့မှုကောင်းပြီး
အပင်သန်တယ်။
ဖော့စပရပ်နည်းရင်
ပင်ပိုင်းအလုပ်မလုပ်နိုင်တော့ဘူး။ အသီး သီးတဲ့ခါ
အစေ့မပါတာတို့(လိုင်ချီး) ပြောင်းဖူးဆိုရင် အစေ့အပြည့်မပါပဲ ကြားမှာလပ်နေတာတို့ နောက်ပြီး
အနု၊ အဖူး၊ အမြစ်စတဲ့ ပင်ပိုင်းအင်္ဂါထွက်နိုင်မှုအားနည်းသွားတယ်။ တခြားမြေသြဇာတွေဘယ်လောက်ပဲရပါစေ၊
ဖော့စပရပ်မရှိရင် အလုပ်မလုပ်နိုင်ဘူး။ အရေးကြီးဆုံးမြေသြဇာလို့ပြောလို့ရပါတယ်။
ပိုတက်ကတော့ ရေးပြီးပြီ။
အနည်းလိုအာဟာရတွေနည်းရင်
ထွက်လာတဲ့အရွက်တွေမှာ အ၀ါကြောင်းလေးတွေပေါ်လာတယ်။ ကစ်စ်မီတို့ နှင်းဆီတို့စိုက်ဖူးတဲ့လူတော်တော်များများ
အရွက်ပေါ်မှာ အဲလို အကြောင်းလေးတွေပေါ်လာတာ ကြုံဖူးပါလိမ့်မယ်။ အဲဒါအနည်းလိုအာဟာရချို့တဲ့တယ်ဆိုတဲ့လက္ခဏာပါ။သစ်ခွပင်တွေမှာလဲတစ်ခါတစ်လေ
တွေ့ရတတ်တယ်။
မြေသြဇာထုတ်လုပ်သူတွေက
မြေသြဇာဗူးတွေမှာ အထဲမှာပါတဲ့ မြေသြဇာ အချိုးကို ရေးထားပါတယ်။ N-P-K ၁၀၊ ၅၂၊ ၁၇ - ဆိုရင်
၇၉-ရာခိုင်နှုန်းဖြစ်တဲ့အတွက် ကျန်တဲ့ရာခိုင်နှုန်းတွေမှာ အနည်းလို အာဟာရတွေ အချိုးကျပါဝင်တယ်။
21-21-21- ဆိုရင် ၆၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက်
အနည်းလိုအာဟာရ ၁၀၊ ၅၂၊ ၁၇ ထက်ပိုများတယ်။ ၁၄၊ ၁၄၊ ၁၄ ဆိုရင်တော့ အနည်းလိုအာဟာရတွေ အများကြီးပါဝင်တဲ့အတွက်
သစ်ခွအတွက်ပိုကောင်းပါတယ်။
(အကြံပြုချက်။
။ ဆိုင်မှာ သစ်ခွဆေးဝယ်တဲ့ခါ ဗူးမှာ သစ်ခွပွင့်ပုံလှတာတွေကပ်ပြီး
မြေသြဇာအချိုးမပါတာမျိုးဆိုရင် မ၀ယ်ပါနဲ့။ ဟော်မုန်းလား? မြေသြဇာလား မသိရင် မသုံးပါနဲ့။ ဆိုင်က ကောင်မလေးတွေကပြောတိုင်းလဲ
မယုံပါနဲ့။ လူတိုင်းနီးပါးသူများပြောလို့ လွယ်လွယ်သုံးနေတဲ့ ဘီဝမ်းတို့၊ မိုရယ်လ်မုန်းတို့၊
လစ်တိုဇင်တို့ဟာ ဘီတာမင်တွေ ဟော်မုန်းတွေပဲဖြစ်ပါတယ်။ အပင်ရဲ့ အစာမဟုတ်ဘူး။ ဒါကြောင့်
လိုအပ်မှ သုံးပါ။ မသုံးရင်လည်း သိပ်ပြဿနာ မရှိပါဘူး။ နောက်တော့ ဟော်မုန်းတွေကို ဘယ်လိုအခြေအနေတွေမှာ
သုံးရတယ်ဆိုတာ ရေးတင်ပါ့မယ်)
No comments:
Post a Comment