အပင်တွေရဲ့ အလင်းရောင်၊ ရေ၊ အပူ အအေး စတဲ့ လိုအပ်ချက်တွေဟာ တစ်မျိုးနဲ့ တစ်မျိုး မတူပါဘူး။
ဥပမာ စပိုက်ဒါသစ်ခွ၊ ဒီသစ်ခွမျိုးဟာ နေရောင်အပြည့်ကိုကြိုက်ပါတယ်။ လိပ်ပြာသစ်ခွက နေရောင်ခြည် ၁၀% လောက်ဆိုရင် အဆင်ပြေတယ်။
ဒါပေမယ့် သစ်ခွတွေ စိုက်တဲ့ခါ ကျွန်တော်တို့မှာ ရှိတဲ့ နေရာက ကျွန်တော်တို့စိုက်ချင်တဲ့ သစ်ခွတွေကြိုက်တဲ့ နေရာဖြစ်ဖို့ခဲယဉ်းပါတယ်။ ပြောချင်တာက ၁၀% နေရောင်ကြိုက်တဲ့ သစ်ခွကို တစ်ခါတစ်လေ ၅၀% နေရောင်အောက်မှာ စိုက်ရပြီး တစ်ခါတစ်လေ ၇၀% နေရောင်ကြိုက်တဲ့သစ်ခွကို
၄၀% ၅၀% နေရောင်အောက်မှာ စိုက်ကြရပါတယ်။ ဒီလို သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင် ရာသီဥတု ရေရနိုင်မှု စတာတွေ နည်းနည်းကွဲပြားနေပေမယ့် ၆-လ၊ ၁-နှစ် စတဲ့အချိန်လောက်ထိ
အဲဒီနေရာမှာပဲ ဆက်ပြီးစိုက်ထားမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်နဲ့ အပင်ဟာ သဟဇာတ ဖြစ်လာပါတယ်။
ပုံမှန်အတိုင်းရှင်သန်နိုင်ဖို့ အချိန်နည်းနည်းလိုအပ်တယ်ပေါ့။ အဲဒီနောက်ပိုင်းဆိုရင်တော့ ကောင်းကောင်း
မွန်မွန် အလုပ် လုပ်နိုင်ပါပြီ။ အပင်ကို ကြီးခိုင်းမလား၊ ပန်းပွင့်ခိုင်းမလား ရပါတယ်။
တစ်ခုသတိထားရမှာက နေရောင်ပြင်းပြင်း ကြိုက်တဲ့ အပင်တွေကို နေရောင်နည်းတဲ့နေရာမှာ စိုက်တဲ့ခါ
မှို၊ ဘက်တီးရီယား စတဲ့ ရောဂါတွေဝင်နိုင်ပြီး နေရောင် နည်းနည်းကြိုက်တဲ့အပင်ကို နေရောင်ပြင်းပြင်း
အောက်မှာ စိုက်တဲ့ခါ အရွက်တွေ နေလောင်ပြီး ကလိုရိုဖီးလို့ခေါ်တဲ့ အရွက်ရဲ့ အစိမ်းရောင်ခြယ်တွေ
ပျက်စီးတတ်ပါတယ်။ ပြီးတော့ နေရောင်ပိုပြင်းလာတဲ့အတွက် ရေဓါတ်လိုအပ်ချက်ပိုလာနိုင်ပါတယ်။
ဒါကြောင့် ရေကိုပိုလောင်းပေးဖို့လိုပါတယ်။ေ
နေရောင်အောက်ကို ထုတ်တဲ့ခါလည်း နေရောင်ပြင်းပြင်းနဲ့ တဖြည်းဖြည်းထိတွေ့ပေးတာက ပိုကောင်း
ပါတယ်။
No comments:
Post a Comment