အပင်တွေက အစာကို တစ်ပင်လုံးက စားနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အစာစားနိုင်တဲ့ အကျယ်ဝန်းဆုံး ဧရိယာက အရွက်တွေ။ ဒါကြောင့် ရွက်ဖျန်းမြေသြဇာတွေကို ထုတ်လုပ်သုံးစွဲလာကြတာပါ။
ဒီတော့ အရွက်ကနေ အစာကျွေးတဲ့ခါ ဘယ်ချိန်ကျွေးရမယ် ဘယ်လိုကျွေးရမယ် ဆိုတာတွေကို သိထားဖို့လိုပါတယ်။
အရွက်တွေမှာ အပေါ်ယံ မျက်နှာပြင်က ချောနေပြီး အောက်မျက်နှာပြင်က နည်းနည်းကြမ်းပါတယ်။
အဲဒီ အောက်ဘက် မျက်နှာပြင်မှာ စတိုမာလို့ခေါ်တဲ့ လေရှူပေါက်တွေပါတယ်။ အဲဒီအပေါက်လေးတွေကတစ်ဆင့် လေထဲပါတဲ့ အစာတွေကိုစားပါတယ်။ အဲဒီအပေါက်လေးတွေဟာ မနက်စောစောထဲက ပွင့်နေပြီး နေရင့်လာတာနဲ့ ပိတ်သွားပါတယ်။အပေါ်ဖက်ကကြည့်ရင်မြင်ရတဲ့ ရွက်ကြောလေးတွေကတစ်ဆင့် ဆွဲပိတ်သွားတာ။
ဒီတော့ ကျနော်တို့က အစာကျွေးတဲ့ခါ နေရောင်ခြည် မပြင်းမီ မနက်ပိုင်းစောစောကျွေးနိုင်ဖို့လိုပါတယ်။
၁၀ နာရီ မထိုးမီ အချိန်တွင်းမှာပေါ့။ ကျွေးတဲ့ခါလည်း ထုတ်လုပ်သူတွေက ရေတစ်ဂါလံကို တစ်ဇွန်းလို့
ညွှန်ကြားထားရင် ကိုယ်က တစ်ဇွန်းရဲ့ သုံးပုံ တစ်ပုံပဲဖျော်ပြီးလောင်းပါ။ ဆေးနည်းနည်းကို အကြိမ်များများ ဖျော်လောင်းတာက အပင်အတွက် ပိုကောင်းပါတယ်။တစ်ပါတ်တစ်ခါလို့ ညွှန်ကြားရင်
ကိုယ်က ဆေးနည်းနည်းဖျော်ပြီး တစ်ပါတ် သုံးခါ လောင်းပေါ့
မှိုသတ်ဆေးစတဲ့ ရောဂါကာကွယ်တဲ့ဆေးတွေကိုတော့ ညနေပိုင်း ၄ နာရီနောက်ပိုင်းနေအေးတဲ့
ချိန်တွေမှာ လောင်းပေးရပါတယ်။ အဲဒီဆေးတွေကို မနက်ပိုင်း မလောင်းရပါဘူး။
No comments:
Post a Comment