Saturday, January 4, 2014

သစ်ခွအပင် စိုက်လျှင်

သစ်ခွ အပင်စိုက်လျှင်  ခပ်ကျဲကျဲ စိုက်ပါ။ အပင်တိုင်းက ရေကိုကြိုက်ပါတယ်။ လိုအပ်တဲ့ ရေဓါတ် လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ ဒီတော့ ရေကို တစ်ပင်လုံး ရွှဲနေအောင်လောင်းရပါတယ်။
တစ်ပင်လုံးစိုနေတဲ့ရေတွေက  ပြန်ပြီးခြောက်သွေ့ဖို့လိုပါတယ်။ နေရောင်ကိုလည်း လျှော့ထားရတဲ့ အတွက် သစ်ခွစိုက်တဲ့နေရာတွေက  ပတ်ဝန်းကျင်မှာ အပူချိန် အနိမ့်ဆုံးဖြစ်နေတတ်ပါတယ်။
အဲဒီခါမှာ လေသလပ်မှ  အပင်တွေက ရေတွေ  ရေငွေ့တွေ ခြောက်သွေ့နိုင်ပါတယ်။  ဒီတော့ လေ၀င်
လေထွက်ကောင်းဖို့  အပင်တွေကို ခပ်ကျဲကျဲ စိုက်ပေးရပါတယ်။  လေ၀င်လေထွက်မကောင်းရင် အပင်
စိုထိုင်းဆများပြီး  မှို ရောဂါ၊  ဘက်တီရီးယားရောဂါတွေ  အလွယ်တကူ ကျရောက်နိုင်ပါတယ်။
ဒါကြောင့် သစ်ခွစိုက်တဲ့ နေရာကို ၀င်လာနိုင်တဲ့ လေ  လမ်းကြောင်းကို စဉ်းစားရပါတယ်။  တောင် နဲ့
မြောက်  တန်းပြီးစိုက်ရတယ်လို့  တရားသေ  မှတ်မထားသင့်ပါဘူး။ 

3 comments:

  1. နေရောင်တိုက်ရိုက်မကျတဲ့နေရာမှာရော စိုက်လို့ရပါသလား

    ReplyDelete
  2. နေရောင်တိုက်ရိုက်မကျတဲ့နေရာမှာရော စိုက်လို့ရပါသလား

    ReplyDelete
  3. လိပ်ပြာ သစ်ခွတို့လို သဘာဝအလင်းရောင်နဲ့ ဖြစ်ထွန်းတဲ့သစ်ခွတွေကို နေရောင်မကျရင်လည်း
    အလင်းရောင် ကောင်းကောင်းရရင် စိုက်လို့ရပါတယ်

    ReplyDelete