Sunday, January 5, 2014

အပင်ရောဂါ နှင့် အာဟာရ

အပင်တွေမှာ အစာပြည့်ပြည့်၀၀ စားရမှုနဲ့ ကျမ်းမာ သန်စွမ်းမှုဟာ တိုက်ရိုက်အချိုးကျပြီး  အစာချို့တဲ့မှုနဲ့
ရောဂါကျရောက်မှုဟာ ပြောင်းပြန် အချိုးကျပါတယ်။
N P  K  စတဲ့ မြေသြဇာတွေကို စားရတဲ့ခါ  ကြီးထွားမှု သီးပွင့်မှုဆိုင်ရာအလုပ်တွေကို ကောင်းမွန်စွာ
လုပ်ကိုင်နိုင်ပြိး အာဟာရချို့တဲ့    တဲ့အခါ  အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အပြင် ရောဂါတွေပါ ၀င်လာတတ်ပါတယ်။
N နည်းရင်အောက်ရွက်တွေ ၀ါပြီးကြွေတယ်။ P နည်းရင် အပင်ရဲ့ ကြီးထွာမှု သီးပွင့်မှု နှုန်း အားနည်းတယ်။  k  နည်းရင် အပင်က နုနေတတ်တယ်။ တခြား  မနည်းလိုအာဟာရတွေဖြစ်တဲ့
ဇင့်တို့ ကယ်လ်စီယမ်တို့ နည်းရင် အပင်တွေရဲ့ ရွက်နုပိုင်းတွေ ပုံမှန်မဟုတ်တဲ့ အကြောင်းလေးတွေ ပေါ်တတ်တယ်။ အဲ လိုဖြစ်လာရင် ၁၄-၁၄-၁၄-   ဒါမှမဟုတ်   ၁၅-၁၅-၁၅  
ဒါမှမဟုတ် ၂၁-၂၁-၂၁  စတဲ့  အနည်းလို အာဟာရပါတဲ့ မြေသြဇာ တစ်မျိုးမျိုးကျွေးပေးနိုင်ပါတယ်။
အဲလို အားနည်းတဲ့လက္ခဏာတွေ ပြလာလို့မှ ဂရုမစိုက်ခဲ့ရင် မှို  ဘက်တီးရီးယားစတဲ့ ရောဂါတွေ ၀င်လာ   ပါတော့မယ်။ အဲဒီခါကျတော့  အပင်တွေမှာ အဖြူစက်  အမည်းစက် တွေ ပေါ်လာပါတယ်။
ရောဂါတွေ ၀င်လာရင် မှိုသတ်ဆေး ဘက်တီးရီးယား သတ်ဆေး ဖျန်းပေးရုံနဲ့ ကောင်းမသွားပါဘူး။
ကောင်းရင်လည်းခဏပဲကောင်းပြီး  အပင်က အားနည်းတဲ့အတွက် ထပ်ဖြစ်တယ်။ ညနေပိုင်း ဆေးဖျန်းပြီး မနက်ရေလောင်းပြီးတာနဲ့ အစာကျွေးပေးဖို့ လိုပါတယ်။  အပင် အားရှိလာမှ  ရောဂါဒဏ်ကို ခံနိုင်ပါတယ်။

No comments:

Post a Comment