Monday, December 16, 2013

အပင်များ အလုပ်လုပ်ပုံ

အပင်တွေဟာ  ပထမဆုံး ကာဗွန်နှင့်ရေကို  အလင်းရောင်နဲ့ ကလိုရိုဖီးတို့နှင့် အစာချက်ရပါတယ်။ ဒီတော့မှ  ကာဗိုဟိုက်ဒြိတ် (သကြားဓါတ်) ENERGY ရပါတယ်။ ဥပမာ  ဆန်နှင့်ရေကို မီးနဲ့ အိုးနဲ့ချက်ရင်
ထမင်းရသလိုပေါ့။ ဒီလို သကြားဓါတ် များလာမှ  (အားရှိလာမှ) သူတို့စားသုံးရတဲ့ မြေသြဇာပေါ်မူတည်ပြီး
အလုပ် လုပ်ပါတယ်။
ဒါကြောင့် နိုတ်ထရိုမြေသြဇာ ကျွေးလိုက်ရုံနဲ့ အပင် လှလာလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အစာမကျွေးမီ ပထမဆုံး အရွက်တွေမှာ ကလိုရိုဖီးလို့ခေါ်တဲ့အစိမ်းရောင် ကောင်းမွန်စွာရှိဖို့၊ ရေပုံမှန်ရနေဖို့၊
အလင်းရောင်လုံလောက်စွာရရှိဖို့ ဂရုစိုက်ပေးရပါမယ်။ အစာချက်နိုင်ဖို့ ကောင်းမွန်တဲ့ နေရာမှာ ထားပြီးမှ
မိမိကြိုက်တဲ့  N-P-K  အချိုးအမျိုးမျိုးထဲက တစ်မျိုးကိုရွေးပြီးကျွေးရပါမယ်။ ဒါမှ ကြီးစေချင်တဲ့အပင်ကို
ကြီးခိုင်းလို့ရမယ်။ ပန်းပွင့်စေချင်တဲ့ အပင်ကို ပန်းပွင့်ခိုင်းလို့ ရပါမယ်။  

No comments:

Post a Comment