ပိုမိုသန်စွမ်းသော သစ်ခွများရရှိရန် အပင်သန်စွမ်းရန် သစ်ခွပန်းများပွင့်ရန် စတဲ့ လိုအပ်ချက်တွေကို
လိုက်ပြီး မြေသြဇာများ ကျွေးရပါတယ်။
မြေသြဇာထုပ် သို့မဟုတ် ဗူးတွေမှာ အထဲမှာပါဝင်တဲ့ မြေသြဇာတွေရဲ့ N.P K ပါဝင်မှု အချိုးကို ရေးသား
ဖော်ပြလေ့ ရှိပါတယ်။
ဥပမာ 21-21-21 / 10-52-17 / 12-8-4
ဒီထဲမှာ ရှေ့ဆုံးဂဏန်းက N လို့ခေါ်တဲ့ နိုတ်ထရိုဂျင်ကို ပြောတာပါ။ အလယ်ဂဏန်းက P လို့ခေါ်တဲ့
ဖော့စပိတ်မြေသြဇာဖြစ်ပြီး နောက်ဆုံးဂဏန်းက k လို့ခေါ်တဲ့ ပိုတက်စီယမ် မြေသြဇာကို ပြောတာပါ။
နိုတ်ထရိုဂျင်က အပင်ကြီးထွားဖို့အတွက် အဓိကအလုပ် လုပ်တယ်။ k လို့ခေါ်တဲ့ ပိုတက်ဓါတ်မြေသြဇာက
အပင်မာဖို့ ရောဂါစတဲ့ဒဏ် ခံနိုင်ဖို့အတွက် လိုအပ်တယ်။ အရေးကြီးဆုံးကတော့ အလယ်က p လို့ခေါ်တဲ့
ဖော့စပိတ်ပါ။ အပင်တွေရဲ့ ကြီးထွားမှု အစိတ်အပိုင်းတိုင်းမှာ သူပါမှဖြစ်တယ်။ အရွက်နု ၊ အမြစ်၊ အပွင့်၊ အသီး စတဲ့ အပင်ရဲ့ လိင်ပိုင်းအင်္ဂါကြီးထွားမှုတိုင်းမှာ သူပါမှဖြစ်တယ်။ဖော့စပိတ်မရှိရင် တခြားမြေသြဇာ
တွေရနေလဲ အလုပ်မလုပ်နိုင်ဘူးလို့ ဆိုချင်တာပါ။
ဒါကြောင့် အပင်ကြီးစေချင်တဲ့ခါ နိုတ်ထရိုများတဲ့ ဓါတ်မြေသြဇာကို ကျွေးရန်လိုအပ်ပြီး ပန်းပွင့်စေချင်တဲ့ခါ
ဖော့စပိတ်နဲ့ ပိုတက် များတဲ့ ဓါတ်မြေသြဇာတွေကို ကျွေးဖို့လိုပါတယ်။
ဒီလိုကျွေတဲ့ခါ နိုတ်ထရိုများတဲ့ ဓါတ်မြေသြဇာကိုချည်းများများကျွေးရင် အပင်တော့ကြီးလာမယ်။ ဒါပေမယ့်
အပင်ကနု နေလိမ့်မယ်။ အကျိုးဆက်ကရောဂါစတဲ့ဒဏ်တွေ မခံနိုင်တော့ဘူး။ ပန်းမပွင့်နိုင်ဘူး။
ဖော့စပိတ်များတဲ့ဓါတ်မြေသြဇာကို များများကျွေးမိရင် အပင်က နိုတ်ထရို နည်းသွားတဲ့အတွက် အောက်
အရွက်တွေ ၀ါပြီးကြွေသွားလိမ့်မယ်။ သစ်ခွတွေမှာ အောက်အရွက်တွေ ကြွေနေရင် အပင်ကမကြီးတော့ဘူး။
အရွက်အများကြီးရှိတဲ့ သစ်ခွပန်းပင်ကမှ ပန်းတွေ အများကြီးပွင့်နိုင်ပါတယ်။
ဒါကြောင့်မို့ မြေသြဇာကျွေးတဲ့ခါ နိုတ်ထရိုများတဲ့လက္ခဏာ ဖော့စပိတ်များတဲ့ လက္ခဏာတွေကို
လေ့လာမှတ်သားထားဖို့လိုပြီး မြေသြဇာတွေကို ချင့်ချိန်ပြီး ကျွေးတတ်ရပါမယ်။
No comments:
Post a Comment