သစ်ခွစိုက်ပျိုးတော့မည်ဆိုပါက ပထမဆုံး အလင်းရောင်၊ ရေနှင့် လေ၀င်လေထွက်ကောင်းမွန်မှုတို့ကို စဉ်းစားရန်လိုပါသည်။
ယင်းသုံးမျိုးတို့တွင် မည်သည်ကပိုအရေးကြီးသည်ဟု ပြောရန်ပင်ခဲယဉ်းသည်။ သုံးမျိုးစလုံး အလွန်
အရေးကြီးသည်ဟု တွေးထားရန် လိုပါသည်။ အဘယ်ကြောင့်ဆိုသော်
အလင်းရောင်
သစ်ခွများအတွက် သူတို့ခံနိုင်သော နေအလင်းရောင်ကို တနေ့တာလုံး ရနိုင်သမျှ များများ ရရှိနိုင်ရန်
လိုအပ်ပါသည်။
ဥပမာ လိပ်ပြာသစ်ခွအတွက် တိုက်ရိုက်နေရောင်ခြည်၏ ၃၀% (သို့မဟုတ်) ၅၀% ကိုလိုအပ်မှာဖြစ်ပြီး
မိုးပေါ်ထောင် သစ်ခွအများစုအတွက် ၇၀% (သို့မဟုတ်) ၉၀ % ကိုလိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်သော
အလင်းရောင်ရရှိနိုင်ရန် အရိပ်ပိုက်၊ အုန်းလက် စသည်တို့ဖြင့် မိုးပေးရမှာ ဖြစ်ပါတယ်။ စပိုက်ဒါစတဲ့
နေရောင်တိုက်ရိုက်ကိုကြိုက်တဲ့ သစ်ခွတွေကလွဲပြီးကျန်တဲ့သစ်ခွတွေကို လိုအပ်တဲ့ နေရောင်တွေရနိုင်ဖို့
အရိပ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ရေ
သစ်ခွတွေက ရေငတ်ခံနိုင်တယ်ဆိုပေမယ့် ရေပုံမှန်လောင်ပေးဖို့ လိုပါတယ်။ ရေလောင်းတဲ့ခါ တစ်ပင်လုံး
မိနစ် ၂၀ ကနေ ၁ နာရီ ၀န်းကျင်လောက်ထိ စိုရွှဲနေအောင်လောင်းပေးရပါမယ်။ သို့သော်လည်း ရေ
ဝပ်ခြင်း ရေတင်ကျန်နေခြင်းမျိုးမဖြစ်အောင် ဂရုစိုက်ပေးရန် လိုအပ်ပါတယ်။ရေကို တစ်နေ့ နှစ်ကြိမ်၊
နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လောင်းပေးရန် လိုပါတယ်။ မနက်ပိုင်းရေကို ၉း၃၀ အချိန်ထိ လောင်းပေးနိုင်ပြီး ညနေရေလောင်းတဲ့ခါ ၄း ၀၀ နောက်ပိုင်းလောင်းနိုင်ပါတယ်။
လေ၀င်လေထွက်
သစ်ခွတွေ ကျန်းမာဖို့အတွက် လေ၀င်လေထွက်ဟာလည်း အလင်းရောင်နှင့် ရေတို့နည်းတူ အရေးကြီးပါ
တယ်။ ဒါကြောင့် သစ်ခွတွေကို စင်မှာစိုက်တဲ့ခါဖြစ်စေ အိုးဆွဲချိတ်ပြီး စိုက်တဲ့ခါဖြစ်စေ အလင်းရောင်
ရနိုင်တဲ့နေရာ လေ၀င်လေထွက်ကောင်းမွန်တဲ့နေရာတွေကို ရွေးချယ်ဖို့ လိုပါတယ်။
No comments:
Post a Comment