အပင်တွေမှာ အစာပြည့်ပြည့်၀၀ စားရမှုနဲ့ ကျမ်းမာ သန်စွမ်းမှုဟာ တိုက်ရိုက်အချိုးကျပြီး အစာချို့တဲ့မှုနဲ့
ရောဂါကျရောက်မှုဟာ ပြောင်းပြန် အချိုးကျပါတယ်။
N P K စတဲ့ မြေသြဇာတွေကို စားရတဲ့ခါ ကြီးထွားမှု သီးပွင့်မှုဆိုင်ရာအလုပ်တွေကို ကောင်းမွန်စွာ
လုပ်ကိုင်နိုင်ပြိး အာဟာရချို့တဲ့ တဲ့အခါ အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အပြင် ရောဂါတွေပါ ၀င်လာတတ်ပါတယ်။
N နည်းရင်အောက်ရွက်တွေ ၀ါပြီးကြွေတယ်။ P နည်းရင် အပင်ရဲ့ ကြီးထွာမှု သီးပွင့်မှု နှုန်း အားနည်းတယ်။ k နည်းရင် အပင်က နုနေတတ်တယ်။ တခြား မနည်းလိုအာဟာရတွေဖြစ်တဲ့
ဇင့်တို့ ကယ်လ်စီယမ်တို့ နည်းရင် အပင်တွေရဲ့ ရွက်နုပိုင်းတွေ ပုံမှန်မဟုတ်တဲ့ အကြောင်းလေးတွေ ပေါ်တတ်တယ်။ အဲ လိုဖြစ်လာရင် ၁၄-၁၄-၁၄- ဒါမှမဟုတ် ၁၅-၁၅-၁၅
ဒါမှမဟုတ် ၂၁-၂၁-၂၁ စတဲ့ အနည်းလို အာဟာရပါတဲ့ မြေသြဇာ တစ်မျိုးမျိုးကျွေးပေးနိုင်ပါတယ်။
အဲလို အားနည်းတဲ့လက္ခဏာတွေ ပြလာလို့မှ ဂရုမစိုက်ခဲ့ရင် မှို ဘက်တီးရီးယားစတဲ့ ရောဂါတွေ ၀င်လာ ပါတော့မယ်။ အဲဒီခါကျတော့ အပင်တွေမှာ အဖြူစက် အမည်းစက် တွေ ပေါ်လာပါတယ်။
ရောဂါတွေ ၀င်လာရင် မှိုသတ်ဆေး ဘက်တီးရီးယား သတ်ဆေး ဖျန်းပေးရုံနဲ့ ကောင်းမသွားပါဘူး။
ကောင်းရင်လည်းခဏပဲကောင်းပြီး အပင်က အားနည်းတဲ့အတွက် ထပ်ဖြစ်တယ်။ ညနေပိုင်း ဆေးဖျန်းပြီး မနက်ရေလောင်းပြီးတာနဲ့ အစာကျွေးပေးဖို့ လိုပါတယ်။ အပင် အားရှိလာမှ ရောဂါဒဏ်ကို ခံနိုင်ပါတယ်။
Sunday, January 5, 2014
Saturday, January 4, 2014
သစ်ခွအပင် စိုက်လျှင်
သစ်ခွ အပင်စိုက်လျှင် ခပ်ကျဲကျဲ စိုက်ပါ။ အပင်တိုင်းက ရေကိုကြိုက်ပါတယ်။ လိုအပ်တဲ့ ရေဓါတ် လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ ဒီတော့ ရေကို တစ်ပင်လုံး ရွှဲနေအောင်လောင်းရပါတယ်။
တစ်ပင်လုံးစိုနေတဲ့ရေတွေက ပြန်ပြီးခြောက်သွေ့ဖို့လိုပါတယ်။ နေရောင်ကိုလည်း လျှော့ထားရတဲ့ အတွက် သစ်ခွစိုက်တဲ့နေရာတွေက ပတ်ဝန်းကျင်မှာ အပူချိန် အနိမ့်ဆုံးဖြစ်နေတတ်ပါတယ်။
အဲဒီခါမှာ လေသလပ်မှ အပင်တွေက ရေတွေ ရေငွေ့တွေ ခြောက်သွေ့နိုင်ပါတယ်။ ဒီတော့ လေ၀င်
လေထွက်ကောင်းဖို့ အပင်တွေကို ခပ်ကျဲကျဲ စိုက်ပေးရပါတယ်။ လေ၀င်လေထွက်မကောင်းရင် အပင်
စိုထိုင်းဆများပြီး မှို ရောဂါ၊ ဘက်တီရီးယားရောဂါတွေ အလွယ်တကူ ကျရောက်နိုင်ပါတယ်။
ဒါကြောင့် သစ်ခွစိုက်တဲ့ နေရာကို ၀င်လာနိုင်တဲ့ လေ လမ်းကြောင်းကို စဉ်းစားရပါတယ်။ တောင် နဲ့
မြောက် တန်းပြီးစိုက်ရတယ်လို့ တရားသေ မှတ်မထားသင့်ပါဘူး။

Labels:
သစ်ခွအပင် စိုက်လျှင်
Location:
Toungup, Myanmar (Burma)
Friday, January 3, 2014
အပင်များကို ဆေးကျွေးနည်း
အပင်တွေက အစာကို တစ်ပင်လုံးက စားနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အစာစားနိုင်တဲ့ အကျယ်ဝန်းဆုံး ဧရိယာက အရွက်တွေ။ ဒါကြောင့် ရွက်ဖျန်းမြေသြဇာတွေကို ထုတ်လုပ်သုံးစွဲလာကြတာပါ။
ဒီတော့ အရွက်ကနေ အစာကျွေးတဲ့ခါ ဘယ်ချိန်ကျွေးရမယ် ဘယ်လိုကျွေးရမယ် ဆိုတာတွေကို သိထားဖို့လိုပါတယ်။
အရွက်တွေမှာ အပေါ်ယံ မျက်နှာပြင်က ချောနေပြီး အောက်မျက်နှာပြင်က နည်းနည်းကြမ်းပါတယ်။
အဲဒီ အောက်ဘက် မျက်နှာပြင်မှာ စတိုမာလို့ခေါ်တဲ့ လေရှူပေါက်တွေပါတယ်။ အဲဒီအပေါက်လေးတွေကတစ်ဆင့် လေထဲပါတဲ့ အစာတွေကိုစားပါတယ်။ အဲဒီအပေါက်လေးတွေဟာ မနက်စောစောထဲက ပွင့်နေပြီး နေရင့်လာတာနဲ့ ပိတ်သွားပါတယ်။အပေါ်ဖက်ကကြည့်ရင်မြင်ရတဲ့ ရွက်ကြောလေးတွေကတစ်ဆင့် ဆွဲပိတ်သွားတာ။
ဒီတော့ ကျနော်တို့က အစာကျွေးတဲ့ခါ နေရောင်ခြည် မပြင်းမီ မနက်ပိုင်းစောစောကျွေးနိုင်ဖို့လိုပါတယ်။
၁၀ နာရီ မထိုးမီ အချိန်တွင်းမှာပေါ့။ ကျွေးတဲ့ခါလည်း ထုတ်လုပ်သူတွေက ရေတစ်ဂါလံကို တစ်ဇွန်းလို့
ညွှန်ကြားထားရင် ကိုယ်က တစ်ဇွန်းရဲ့ သုံးပုံ တစ်ပုံပဲဖျော်ပြီးလောင်းပါ။ ဆေးနည်းနည်းကို အကြိမ်များများ ဖျော်လောင်းတာက အပင်အတွက် ပိုကောင်းပါတယ်။တစ်ပါတ်တစ်ခါလို့ ညွှန်ကြားရင်
ကိုယ်က ဆေးနည်းနည်းဖျော်ပြီး တစ်ပါတ် သုံးခါ လောင်းပေါ့
မှိုသတ်ဆေးစတဲ့ ရောဂါကာကွယ်တဲ့ဆေးတွေကိုတော့ ညနေပိုင်း ၄ နာရီနောက်ပိုင်းနေအေးတဲ့
ချိန်တွေမှာ လောင်းပေးရပါတယ်။ အဲဒီဆေးတွေကို မနက်ပိုင်း မလောင်းရပါဘူး။

အပင်မျာကို ဆေးကျွေးနည်း
Location:
Toungup, Myanmar (Burma)
Wednesday, January 1, 2014
အပင်တို့၏ သဘာဝ
အပင်တွေရဲ့ အလင်းရောင်၊ ရေ၊ အပူ အအေး စတဲ့ လိုအပ်ချက်တွေဟာ တစ်မျိုးနဲ့ တစ်မျိုး မတူပါဘူး။
ဥပမာ စပိုက်ဒါသစ်ခွ၊ ဒီသစ်ခွမျိုးဟာ နေရောင်အပြည့်ကိုကြိုက်ပါတယ်။ လိပ်ပြာသစ်ခွက နေရောင်ခြည် ၁၀% လောက်ဆိုရင် အဆင်ပြေတယ်။
ဒါပေမယ့် သစ်ခွတွေ စိုက်တဲ့ခါ ကျွန်တော်တို့မှာ ရှိတဲ့ နေရာက ကျွန်တော်တို့စိုက်ချင်တဲ့ သစ်ခွတွေကြိုက်တဲ့ နေရာဖြစ်ဖို့ခဲယဉ်းပါတယ်။ ပြောချင်တာက ၁၀% နေရောင်ကြိုက်တဲ့ သစ်ခွကို တစ်ခါတစ်လေ ၅၀% နေရောင်အောက်မှာ စိုက်ရပြီး တစ်ခါတစ်လေ ၇၀% နေရောင်ကြိုက်တဲ့သစ်ခွကို
၄၀% ၅၀% နေရောင်အောက်မှာ စိုက်ကြရပါတယ်။ ဒီလို သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင် ရာသီဥတု ရေရနိုင်မှု စတာတွေ နည်းနည်းကွဲပြားနေပေမယ့် ၆-လ၊ ၁-နှစ် စတဲ့အချိန်လောက်ထိ
အဲဒီနေရာမှာပဲ ဆက်ပြီးစိုက်ထားမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်နဲ့ အပင်ဟာ သဟဇာတ ဖြစ်လာပါတယ်။
ပုံမှန်အတိုင်းရှင်သန်နိုင်ဖို့ အချိန်နည်းနည်းလိုအပ်တယ်ပေါ့။ အဲဒီနောက်ပိုင်းဆိုရင်တော့ ကောင်းကောင်း
မွန်မွန် အလုပ် လုပ်နိုင်ပါပြီ။ အပင်ကို ကြီးခိုင်းမလား၊ ပန်းပွင့်ခိုင်းမလား ရပါတယ်။
တစ်ခုသတိထားရမှာက နေရောင်ပြင်းပြင်း ကြိုက်တဲ့ အပင်တွေကို နေရောင်နည်းတဲ့နေရာမှာ စိုက်တဲ့ခါ
မှို၊ ဘက်တီးရီယား စတဲ့ ရောဂါတွေဝင်နိုင်ပြီး နေရောင် နည်းနည်းကြိုက်တဲ့အပင်ကို နေရောင်ပြင်းပြင်း
အောက်မှာ စိုက်တဲ့ခါ အရွက်တွေ နေလောင်ပြီး ကလိုရိုဖီးလို့ခေါ်တဲ့ အရွက်ရဲ့ အစိမ်းရောင်ခြယ်တွေ
ပျက်စီးတတ်ပါတယ်။ ပြီးတော့ နေရောင်ပိုပြင်းလာတဲ့အတွက် ရေဓါတ်လိုအပ်ချက်ပိုလာနိုင်ပါတယ်။
ဒါကြောင့် ရေကိုပိုလောင်းပေးဖို့လိုပါတယ်။ေ
နေရောင်အောက်ကို ထုတ်တဲ့ခါလည်း နေရောင်ပြင်းပြင်းနဲ့ တဖြည်းဖြည်းထိတွေ့ပေးတာက ပိုကောင်း
ပါတယ်။

Subscribe to:
Comments (Atom)